Pilot ကာလ — အခမဲ့

Messenger နဲ့ Telegram
ဆိုင်အတွက် အော်ဒါစနစ်

Messenger နဲ့ Telegram က ဝယ်သူစာတွေကို တစ်နေရာတည်းမှာ ဖြေပြီး အော်ဒါ၊ လက်ကျန်၊ ပို့ဆောင်ရေး၊ COD ငွေအထိ စီမံပါ — မြန်မာလို၊ ဖုန်းပေါ်မှာ။ ဆိုင်ရှင်ကိုယ်တိုင် ချိတ်လိုက်ရုံပါ။

  • Developer မလို — ဆိုင်ရှင်ကိုယ်တိုင် ချိတ်
  • Facebook Page နဲ့ Telegram Bot ချိတ်နိုင်
  • ဖုန်းနဲ့ပဲ အလုပ်လုပ်လို့ရ
ZayFlow စာဝင်ပုံး — Page အားလုံးရဲ့ Messenger စာတွေကို တစ်နေရာတည်းက ပြန်ဖြေ ZayFlow ဖုန်းမှာ — စာဝင်ပုံး

ဆိုင်တိုင်း ကြုံနေရတဲ့ ပြဿနာ ၃ ခု

လိပ်စာကို စာထဲက ကူးပြီး ပြန်ရိုက်နေရတယ်

ဝယ်သူပို့တဲ့ အမည်၊ ဖုန်း၊ လိပ်စာ တစ်တွဲလုံးကို box ထဲ ကူးထည့်လိုက်ရင် ကွက်လပ်တွေထဲ အလိုလို ခွဲဝင်ပါတယ်။ မြို့နယ်ကိုက်ရင် ပို့ခပါ ဝင်တယ်။

ဘယ်ပစ္စည်း ကုန်ပြီလဲ မသိဘဲ အော်ဒါလက်ခံမိတယ်

အော်ဒါ အတည်ပြုမှ လက်ကျန်နှုတ်တယ်။ မလုံလောက်ရင် အတည်မပြုနိုင်ဘဲ သတိပေးတယ်။ ပယ်ဖျက်ရင် ပြန်ပေါင်းပေးတယ်။

COD ငွေ ဘယ်ပါဆယ်က ပြန်ရောက်ပြီလဲ မသေချာဘူး

ကောက်ပြီး / လွှဲပြီး / စစ်ရန် — ပါဆယ်တစ်ခုချင်း မှတ်ထားပြီး ပြက္ခဒိန်နဲ့ ရက်အလိုက် ကြည့်လို့ရတယ်။ ကြာနေတဲ့ ငွေကို သီးသန့် ပြတယ်။

လုပ်ဆောင်ချက်များ

ဆိုင်တစ်ဆိုင် နေ့စဉ် လုပ်ရတာတွေကို အစီအစဉ်အတိုင်း — စာဝင်ကနေ ငွေရောက်အထိ။

စာဝင်ပုံး

Messenger နဲ့ Telegram စာတွေကို တစ်နေရာတည်းက ပြန်ဖြေ။ Chat တိုင်းမှာ ဘယ်ကလာလဲ logo နဲ့ ပြထား၊ channel အလိုက် စစ်လို့ရ။

စာကနေ အော်ဒါ

ဝယ်သူစာကို ကူးထည့်ရုံနဲ့ ဖောင်ပြည့်။ AI က conversation ကို ဖတ်ပြီး အော်ဒါမူကြမ်း ဖြည့်ပေး — သိမ်းတာကို လူကပဲ လုပ်။

ပစ္စည်းနဲ့ လက်ကျန်

အရောင်၊ ဆိုဒ် တစ်မျိုးစီ SKU သီးသန့်။ အတည်ပြုမှ နှုတ်၊ ပယ်ဖျက်/ပြန်ရောက်ရင် ပြန်ပေါင်း။ ကျော်ရောင်းမိတာ မရှိ။

COD ငွေစာရင်း

ကောက်ပြီး၊ လွှဲပြီး၊ စစ်ရန် — courier ဝန်ဆောင်ခ နှုတ်ပြီး အသားတင် တွက်ပေး။ လစဉ် ပြက္ခဒိန်နဲ့ ကြာချိန်အုပ်စု။

ပြေစာ ပရင့်

A5၊ 58mm၊ 80mm thermal printer — browser ကနေ တိုက်ရိုက်။ မြန်မာစာ မှန်မှန် ထွက်။

AI စာပြန်မူကြမ်း

ဆိုင်ရဲ့ ဈေး၊ ပို့ခ၊ account၊ မူဝါဒကိုပဲ သုံးပြီး ဖြေပေး။ မသေချာတဲ့ ငွေပမာဏကို သတိပေး။ ပို့တာ လူကပဲ နှိပ်။

ဝန်ထမ်း ခွဲဝေ

Chat တစ်ခုကို ဝန်ထမ်းတစ်ယောက်စီ တာဝန်ပေး။ ပထမဆုံး ဖြေတဲ့သူက အလိုလိုယူလို့ ဝယ်သူတစ်ယောက်ကို နှစ်ယောက် ထပ်မဖြေမိ။ စာဝင်ရင် တာဝန်ယူသူဖုန်းကိုပဲ အကြောင်းကြား။

ဝယ်သူဆီ Tracking ပို့

ပါဆယ်ထွက်တာနဲ့ courier၊ ဘောင်ချာ၊ ကောက်ရမယ့်ငွေကို ဝယ်သူဆီ Chat ကနေ ပို့။ Chat မရရင် Viber (သို့) SMS တစ်ချက်နှိပ်။ ကားဂိတ်ချ ပါဆယ်လည်း ရ။

Quick Reply

ခဏခဏ ပြန်ရတဲ့ စာတွေကို စာပုံစံ သိမ်းထား၊ ⚡ တစ်ချက်နဲ့ ထည့်။ ဝယ်သူနာမည်နဲ့ ဆိုင်နာမည် အလိုလို ဖြည့်။ ဆိုင်တစ်ဆိုင်လုံး မျှသုံး။

အော်ဒါတိုင်းကို အဆင့်လိုက် မြင်ရ

အတည်ပြုရန် → အတည်ပြုပြီး → ထုပ်ပိုး → ပို့ဆောင် → ပို့ပြီး။ Courier နဲ့ tracking နံပါတ် တစ်ခါတည်း၊ ဝယ်သူဆီလည်း ချက်ချင်း အကြောင်းကြား။ ဘယ်သူ ဘာလုပ်ခဲ့လဲ မှတ်တမ်း အလိုလို ကျန်။

  • ဝန်ထမ်းအများကြီး တစ်ပြိုင်နက် သုံးလို့ရ — ပြင်ဆင်မှု မထပ်
  • ဖုန်းမှာ card ပုံစံ၊ ဘေးတိုက် scroll မလို
  • Royal Express၊ Marathon၊ SBS၊ Myanmar Post၊ ကားဂိတ် ကြိုထည့်ထား
ZayFlow အော်ဒါစာရင်း

COD ငွေကို ပြက္ခဒိန်နဲ့ ကြည့်

ဘယ်နေ့ ဘယ်လောက် ကောက်ခဲ့လဲ၊ ဘယ်လောက် ဆိုင်ကို လွှဲပြီးပြီလဲ ရက်အလိုက် မြင်ရ။ ၁၅ ရက်ကျော် မလွှဲရသေးတဲ့ ငွေကို သီးသန့် ပြထားလို့ courier နဲ့ စာရင်းရှင်းရ လွယ်။

  • ပါဆယ်တစ်ခုချင်း ကောက်ခံရက်၊ လွှဲရက် မှတ်
  • Courier ဝန်ဆောင်ခ နှုတ်ပြီး အသားတင် ပြ
  • လစဉ် CSV ထုတ်လို့ရ
ZayFlow COD ပြက္ခဒိန်

ဘယ်လို စသုံးရလဲ — ၃ ဆင့်

Developer မလို၊ setting ရှုပ်ရှုပ်ထွေးထွေး မလို။

  1. ၁

    အကောင့်ဖွင့်

    Email နဲ့ password ပဲ လိုတယ်။ ဆိုင်နာမည် ပေး၊ ပစ္စည်းအနည်းငယ် ထည့်။

  2. ၂

    Page / Bot ကို ချိတ်

    Facebook Page ဆိုရင် "Facebook နဲ့ ချိတ်ရန်" နှိပ်ပြီး ကိုယ့် Page ရွေး။ Telegram ဆိုရင် @BotFather က ရတဲ့ token ကို ထည့်ပြီး Bot link ကို Channel မှာ pin လုပ်။ Password ကို ZayFlow မှာ ဘယ်တော့မှ မရိုက်ရ။

  3. ၃

    ဖုန်းကနေ အလုပ်လုပ်

    စာဝင်လာတာနဲ့ Inbox မှာ ပေါ်။ ပြန်ဖြေ၊ အော်ဒါဖွင့်၊ ပါဆယ်ပို့၊ ငွေမှတ် — အကုန် ဖုန်းနဲ့။

မြန်မာဆိုင်အတွက် ဆောက်ထားတာ

နိုင်ငံခြား software ကို ဘာသာပြန်ထားတာ မဟုတ်ဘူး — မြန်မာဆိုင် အလုပ်လုပ်ပုံအတိုင်း စဆောက်ထားတာ။

မြန်မာဂဏန်း၀၉၂၅… လို ရိုက်လည်း နားလည်၊ ၂ ထည် ဆိုလည်း ဖတ်တတ်
မြို့နယ်အလိုက် ပို့ခကမာရွတ် ၂,၅၀၀၊ မန္တလေး ၄,၀၀၀ — တစ်ခါသတ်မှတ်၊ အလိုလို ဝင်
KBZPay / Wave accountငွေလွှဲ account တွေကို ဆက်တင်မှာ ထည့်၊ စာပြန်ရင် တစ်လုံးမှ မမှားအောင် ကူး
Courier နဲ့ ကားဂိတ်Royal Express၊ Marathon၊ SBS Express၊ Myanmar Post၊ ကားဂိတ် — ပို့ပြီးတာနဲ့ ဝယ်သူကို Viber / SMS နဲ့ အကြောင်းကြား
Thermal printer58mm / 80mm ပြေစာ — မြန်မာစာ မပျက်
ဖုန်း firstဆိုင်ရှင်အများစု ဖုန်းနဲ့ အလုပ်လုပ်လို့ ဖုန်းအတွက် အရင် ဒီဇိုင်းဆွဲထား

ဈေးနှုန်း

Pilot ကာလအတွင်း ပါဝင်တဲ့ ဆိုင်တွေအတွက် အခမဲ့။ နောက်ပိုင်း ဈေးနှုန်းကို Page အရေအတွက်အလိုက် သတ်မှတ်မယ် — pilot ဆိုင်တွေကို ကြိုအသိပေးပြီး သက်သာတဲ့ ဈေး ပေးမယ်။

Pilot

အခမဲ့

Facebook Page နဲ့ Telegram Bot ၃ ခုအထိ · ဝန်ထမ်း အကန့်အသတ်မရှိ · လုပ်ဆောင်ချက် အားလုံး · တိုက်ရိုက် အကူအညီ

Pilot ဝင်ရန်

မေးလေ့ရှိတဲ့ မေးခွန်းများ

Facebook password ကို ZayFlow ကို ပေးရမှာလား?

မပေးရပါ။ Page ချိတ်တဲ့အခါ Facebook ရဲ့ ကိုယ်ပိုင် စာမျက်နှာကို ရောက်သွားပြီး အဲ့မှာပဲ ခွင့်ပြုချက် ပေးရတာပါ။ ZayFlow က Page token ကိုပဲ ရပြီး အဲ့ဒါကို encrypt လုပ်ပြီး သိမ်းပါတယ်။ "ဖြုတ်ရန်" နှိပ်ရင် ချက်ချင်း ဖျက်ပါတယ်။

AI က ဝယ်သူကို ကိုယ်တိုင် စာပြန်မှာလား?

မပြန်ပါ။ AI က မူကြမ်းပဲ ရေးပေးပြီး လူက ဖတ်၊ ပြင်၊ ပို့ရပါတယ်။ အော်ဒါလည်း AI က ကိုယ်တိုင် မသိမ်းပါ။

ဝန်ထမ်းက ဘာမြင်ရလဲ?

ဆိုင်ပိုင်ရှင်က ဝန်ထမ်းရဲ့ email ထည့်ပေးရင် အဲ့ဆိုင်ရဲ့ စာ၊ အော်ဒါ၊ လက်ကျန် မြင်ရပြီး ပြန်ဖြေ၊ အော်ဒါဖွင့်လို့ရပါတယ်။ Page ချိတ်/ဖြုတ်တာ၊ ဆက်တင်ပြင်တာ၊ ဝန်ထမ်းထည့်တာကတော့ ပိုင်ရှင်သာ လုပ်နိုင်ပါတယ်။

Telegram သုံးဖို့ Telegram Premium လိုလား?

မလိုပါ။ ဆိုင်က @BotFather နဲ့ ကိုယ်ပိုင် Bot တစ်ခု လုပ်ပြီး ချိတ်ရုံပါ။ ဝယ်သူတွေ Bot ကို ပို့တဲ့စာ အကုန် ZayFlow ထဲ ဝင်ပါတယ်။ ဆိုင်ရှင်ရဲ့ ကိုယ်ပိုင်အကောင့်ကို တိုက်ရိုက်ပို့တဲ့စာတွေကိုပါ ယူချင်မှသာ Premium လိုပါတယ်။

TikTok၊ Viber၊ Instagram ရော?

TikTok DM ကို ပြင်ဆင်ပြီးပါပြီ — TikTok ရဲ့ ခွင့်ပြုချက် ရတာနဲ့ ဖွင့်ပေးပါမယ်။ Viber နဲ့ Instagram ကို pilot ဆိုင်တွေရဲ့ လိုအပ်ချက်အလိုက် ထပ်ထည့်ပါမယ်။

ဒေတာက ဘယ်မှာ ရှိလဲ?

Cloudflare ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်မှာပါ (မြန်မာနဲ့ အနီးဆုံး Singapore)။ ဆိုင်တစ်ဆိုင်ရဲ့ ဒေတာကို အဲ့ဆိုင်က လူသာ မြင်ရပါတယ်။

About ZayFlow (English)

ZayFlow is order-management software (SaaS) for small shops in Myanmar that sell through Facebook Messenger and Telegram. It is developed and operated by JP Mandalar Global LLC.

A shop owner creates an account at app.zayflow.app and connects the shop's own Facebook Page with Facebook Login. Messages that customers send to that Page appear in the shop's ZayFlow inbox, where the shop's staff reply to them, turn conversations into orders, and track stock, delivery and cash-on-delivery payments. Every reply is written or approved by a person. The only message ZayFlow can send without a person typing it is the shop's own shipping update, and only if the shop turns that on; it goes when a staff member marks the order as shipped. ZayFlow never messages a customer who has not written to the shop first.

Each shop sees only its own data. Page access tokens are stored encrypted and are deleted when the owner disconnects the Page. We do not sell data or use it for advertising. Details: Privacy Policy · Terms of Service.

Contact: hello@zayflow.app

ဒီနေ့ပဲ စသုံးကြည့်ပါ

အကောင့်ဖွင့်တာ ၁ မိနစ်၊ Page (သို့) Telegram Bot ချိတ်တာ မိနစ်အနည်းငယ်။ ဘာမှ မပေးရဘဲ စမ်းလို့ရပါတယ်။

အခမဲ့ စမ်းသုံးရန်